ရန်ကုန် - ဂျယ်ဂျူး - ဆိုးလ် - ရန်ကုန် (၆ညအိပ် / ၇ရက်)
Day 1 ။ ။ ရန်ကုန် - ဟနွိုင်း - အင်ချွန်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ လေကြောင်းခရီးစဉ် ဖြင့် ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းရောက်ပါမည်။ လေယဉ်ပေါ်တွင် တစ်ညတာအိပ်စက် အနားယူမည်ဖြစ်ပါသည်။ (လေယာဉ်ပေါ်တွင် ကျွေးမွေးသော အစားအသောက်သာ ပါဝင်မည်ဖြစ်ပါသည်။)
Day 2 ။ ။ အင်ချွန်း - ဂျယ်ဂျူးကျွန်း (နံနက်စာ၊ နေ့လည်စာ၊ ညစာ)
နံနက်စောစောတွင် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည် ဖြစ်ပါ သည်။ ထို့နောက် Udong ခေါက်ဆွဲပြုတ်ဖြင့် ပေါ့ပါးသော နံနက်စာသုံးဆောင်ပါမည်။ နံနက်စာသုံးဆောင်ပြီးပါက ဆိုးလ်မြို့တော်၏ အထင်ကရ နေရာတစ်ခု ဖြစ်သော သမ္မတအိမ်တော် Blue House သို့သွားရောက်ပြီး ပြင်ပမှ အမှတ်တရ ဓါတ်ပုံများရိုက်ယူကြပါမည်။ ထို့နောက် ဂျိုဆွန်မင်းလက်ထက် ၁၃ ရာစုတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉ရာစုတွင် ပြန်လည်ပြုပြင်မွမ်းမံထားသော သမိုင်းဝင် ဂျောင်ဘုတ်ဂန်း နန်းတော်နှင့် National Folk Museum သို့ ဝင်ရောက်လည်ပတ်ပြီး နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ဂင်မ်ပို ပြည်တွင်း လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် ဂျယ်ဂျူး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပျံသန်း ရောက်ရှိ မည်ဖြစ်ပါသည်။ ဂျယ်ဂျုးကျွန်းသို့ ရောက်ရှိပါက ပထမဦးစွာ ကမ္ဘာမြေကြီး၏ ဆွဲအားကြောင့် ဖြစ်ပေါ်လာသော “Mysterious Road” ခေါ် ပဟေဋိလမ်းမသို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူး ပါမည်။ ထို့နောက် ဂျယ်ဂျုးကျွန်းတွင် အသစ်ဖွင့်လှစ်ထားရှိသော ပြင်သစ်ရွာငယ်လေးခေါ် Swiss Village သို့ ဝင်ရောက်လည်ပတ်ပြီး ဥရောပစတိုင် တောက်ပသော အဆောက်အဦးများဖြင့် အမှတ်တရ ဓါတ်ပုံ ရိုက်ကူးပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ် ပါသည်။
Day 3 ။ ။ ဂျယ်ဂျူးကျွန်း (နံနက်စာ၊ နေ့လည်စာ၊ ညစာ)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဝက်ဝံရုပ်ပေါင်းများစွာဖြင့် အလှဆင်ထားသော“Teddy Bear Museum” သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ထို့နောက် UNESCO မှ သဘာဝအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံရသော အာရုဏ်ဦး တောင်ထိပ်ခေါ် Sunrise Peak သို့ သွားရောက်ပြီး တောင်ထိပ်သို့ တက်ရာလမ်းတစ်လျှောက်ရှိ သဘာဝ ပတ်ဝန်းကျင် အလှအပ တို့ကိုကြည့်ရှု ခံစားမည်ဖြစ်ပါသည်။ ထို့နောက် ဂျယ်ဂျူးကျွန်းတောင်ဘက်ရှိ မီးတောင်ဟောင်း ပေါက်ကွဲမှုကြောင့် ချော်ရည်များ အေးခဲရာမှ ဖြစ်ပေါ်လာသော ကျောက်ဆောင်ဥယျာဉ်ခေါ် “Stone Park” သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပြီး နေ့လည်စာ သုံးဆောင် ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ရှေးယခင်က ဂျယ်ဂျူးကျွန်းသူ၊ ကျွန်းသားတို့၏ နေမှုဘဝကို လေ့လာနိုင်မည့် Seongeup Folk Village ခေါ် ကိုရီးယားကျေးရွာသို့ ဝင်ရောက်လည်ပါတ်ပါမည်။ ဆက်လက်ပြီး ဂျယ်ဂျူးကျွန်း၏ အလှပဆုံးရေတံခွန် တစ်ခုဖြစ်သော “Cheonjiyeon Water Fall” (ချွန်းဂျီယွန်းရေတံခွန်) သို့သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ထို့နောက် ပျိုမေတို့ အသည်းစွဲ K-Pop ဂီတတို့ဖြင့် ကပြဖျော်ဖြေသော K-Pop Hologram center သို့ သွားရောက်ပြီး သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုခံစားမည် ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 4 ။ ။ ဂျယ်ဂျူးကျွန်း - ဆိုးလ် (နံနက်စာ၊ နေ့လည်စာ၊ ညစာ)
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ဂျယ်ဂျူးလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပြည်တွင်း လေကြောင်းခရီးစဉ်ဖြင့် တောင်ကိုရီးယားနိုင်ငံ၏ မြို့တော်ဆိုးလ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဆိုးလ်မြို့သို့ ရောက်ရှိပါက ပထမဦးစွာ ကိုရီးယားလူမျိုးတို့ အမြတ်တနိုး တန်ဖိုးထား စိုက်ပျိုးသော ဂျင်းဆင်းစိုက်ပျိုးနည်း အဆင့်ဆင့်ကို သွားရောက်လေ့လာပါမည်။ ထို့နောက် Under The Sea Buffet တွင် အဝစားဘူဖေးဖြင့် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက Gwanghwamun Square၊ နှင့် ဆိုးလ်မြို့၏ အလှပဆုံးနေရာတစ်ခုဖြစ်သော မြို့လည်စမ်းချောင်းလေး စီးဆင်းရာ Cheonggye Stream သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် အကောက်ခွန်လွတ် အရောင်းစင်တာသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ ဈေးဝယ်ရန် အချိန်ပေးပါမည်။ ညနေခင်းတွင် ဆိုးလ်မြို့တစ်ခုလုံးကို အပေါ်စီးမှ ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမည့် ဆိုးလ်တာဝါ သို့သွားရောက် လည်ပတ်ပြီး အချစ်သင်္ကေတအဖြစ် သော့ခလောက်လေးများ အမှတ်တရ ချိတ်ဆွဲနိုင်ပါသည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
Day 5 ။ ။ ဆိုးလ် (နံနက်၊ နေ့လည်၊ ညစာ)
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက “Winter Sonata” ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးခဲ့သော Nami ကျွန်းရှိ ဟေမာန်ဆောင်း၏ ချစ်သံစဉ်ဇာတ်လမ်းရိုက်ကူးရာ (Winter Sonata Shooting Place) သို့သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ နေ့လည်စာကို နမိကျွန်းတွင် ကြက်သားကင်ဖြင့် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက နမိကျွန်းမှ ပြန်လည်ထွက်ခွာလာပြီးဟန်မြစ်အတွင်း သင်္ဘောစီးနင်းရင်း မြို့တော်ဆိုးလ်အလှနှင့် ကိုရီးယားတံတားအလှတို့ကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ ထို့နောက် နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်း အဝတ်အစားများနှင့် အလှကုန်ပစ္စည်းများကို တနေရာတည်းတွင် စုံလင်စွာ ရောင်းချသော မြောင်ဒုံးဈေး (Myeongdong Shopping street) သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး လွတ်လပ်ပျော်ရွှင်စွာ ဈေးဝယ်ကြပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်နေ့တာပင်ပန်းမှုများကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 6 ။ ။ ဆိုးလ် (နံနက်၊ နေ့လည်၊ ညစာ)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ကိုရီးယားအစားအစာ တစ်ခုဖြစ်သော ကင်ချီပြုလုပ်သော နေရာသို့ သွားရောက်ပြီး မိမိကိုယ်တိုင်ပါဝင်၍ ကင်ချီလက်တွေ့ပြုလုပ်ကြပါမည်။ ဆက်လက်၍ အရောင်အသွေး စုံလင်လှသော ဟန်းဘုတ် (Hanbok) ခေါ် ကိုရီးယား ရိုးရာဝတ်စုံများကို ဝတ်ဆင်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကြပါမည်။ ထို့နောက်ဆိုးလ်မြို့၏ ပျော်ရွှင်ဖွယ်ရာ အကောင်းဆုံး ကစားကွင်း တစ်ခုဖြစ်သော Everland သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ Everland ကစားကွင်းရှိရင်ခုန် စိတ်လှုပ်ရှားဖွယ် အမျိုးမျိုးသော Roller Coaster များ၊ T Express Rolling – X Traing ၊ Herky & Timmy’s Racing၊ DragonCoaster ၊ Hurricane များ နှင့် အခြားကစားနည်း များစွာကိုလည်း ပျော်ရွှင်လွတ်လပ်စွာ ဆင်နွှဲကြပါမည်။ ဆက်လက်၍ Safari parkအတွင်းကားဖြင့်လှည့်လည်ကြည့် ရှု့ခြင်း၊ 4 Season Garden တွင် ရောင်စုံပန်းမျိုးစုံများနှင့် ယှဉ်တွဲဓါတ်ပုံရိုက်ပြီး ကစားကွင်းအတွင်းတနေကုန် လည်ပတ်ကြပါမည်။ နေ့လည်စာကို ကစားကွင်းအတွင်းရှိ Local Restaurant တွင် ကူပွန်လက်မှတ်ဖြင့် သုံးဆောင်ပါမည်။ ညနေခင်းတွင် Everland ကစားကွင်းမှ ပြန်လည်ထွက်ခွာလာပြီး Korea BBQ ဖြင့် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင် ပြီးပါကဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
Day 7 ။ ။ ဆိုးလ် - ဟနွိုင်း - ရန်ကုန်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက အင်ချွန်းလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး လေကြောင်းခရီးစဉ် ဖြင့်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ လေယာဉ်ပေါ်တွင် ကျွေးမွေးသော အစားအသောက်သာ ပါဝင်ပါမည်။
***** ပျော်ရွှင်ဖွယ် ခရီးစဉ်တစ်ခုဖြစ်ပါစေဟု SM Tours မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ *****
ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ.........
- ဗီဇာကြေးများ
- ဗီယက်နမ် လေကြောင်းလိုင်းဖြင့် ရိုးရိုးတန်း လေယာဉ်လက်မှတ်အသွားအပြန်
- ကြယ်သုံးပွင့်ဟိုတယ်တွင် တည်းခိုခ (တစ်ခန်းလျှင် ၂ ဦးနှုန်း)
- ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်လည်ပတ်မည့် နေရာများအတွင် ဝင်ကြေးများ
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာနှင့် ညစာများ
- ဒေသဆိုင်ရာ ဧည့်လမ်းညွှန်
- ပို့ဆောင်ရေး အစီအစဉ်များ
- မြန်မာနိုင်ငံမှ ခရီးစဉ်ခေါင်းဆောင်