eng flag chinese flag japanese flag

ဟိုချီမင်း-ဒါလတ် မွေ့နဲ (၄ ညအိပ် ၅ ရက်)

(Day - 1) ရန်ကုန်-ဟိုချီမင်း

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ဟိုချီမင်းမြို့ တန်ဆုပ်နပ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ပါမည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီးနောက် ဆိုင်ဂုံမြို့၏ အထင်ကရ ပြင်သစ်လက်ရာ အဆောက်အဦးများဖြစ်သော Notre-Dame Cathedral Basilica of Saigon ဘုရားရှိခိုးကျောင်းနှင့် ဗဟိုစာတိုက်ကြီးတို့ကို ပို့ဆောင်ပေးပါမည်။ ထို့နောက် ညစာကို ဆိုင်ဂုံ မြစ်အတွင်း အပျော်စီး သဘော် စီးရင်း တေးသံသာများနှင့် သုံးဆောင် ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ check-in ဝင်ရောက်ကာ တစ်ညတာအေးချမ်းစွာ အနားယူ အိပ်စက်ပါမည်။

vietnam 11vietnam 12vietnam 13

(Day - 2) ဟိုချီမင်း - ဒါလတ်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက အေးချမ်းလှသော တောင်ပေါ်မြို့ လေး ဒါလတ်သို့ ကားဖြင့်ထွက်ခွာပါမည်။ လမ်းခရီးတွင် နေ့လည်စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဒါလတ်မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခါွပါမည်။ ဒါလတ်မြို့ သို့ရောက်ရှိပါက ပန်းမျိုးစုံဖြင့် သာယာလှပသော ဒါလတ်ပန်းဥယျာဉ်တွင် အလှဓာတ်ပုံများ ရိုက်ကူးနိုင်ရင် ပို့ဆောင်ပေးပါမည်။ ထို့နောက် ညစာကိုဒေသဆိုင်ရာစားသောက်ဆိုင်တွင် အရသာရှိစွာသုံးဆောင်ပြီးနောက် စည်ကားလှသော ဒါလတ် ညဈေးတွင် ပျော်ရွှင်စွာ ဈေးဝယ်ယူကြပါမည်။ ထို့နောက် ဟိုတယ်သို့ check-in ဝင်ရောက်ကာ တစ်ညတာ အေးချမ်းစွာ အနားယူ အိပ်စက် ပါမည်။

vietnam 14vietnam 15vietnam 16

(Day - 3) ဒါလတ် - မွေနဲ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဒါလတ်မြို့၏ အထင်ကရဘုရားတစ်ဆူဖြစ်သော Truc Lam pagoda သို့ cable car စီးရင်း ထင်ရူးတော အုပ်များကို ဖြတ်သန်းရင်း သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် ဗီယက်နမ်နောက်ဆုံးဘုရင်၏ နွေရာသီ စံနန်းတော် တစ်ခုဖြစ်သည့် Bao Dai King Palace သို့သွားရောက်လည်ပါတ်ပါမည်။ ထို့်နောက် အရူးအိမ်ဟု တင်စားခေါ်ဝေါ်ကြသော crazy House၊ ချစ်သူတောင်ကြားဟု တင်စား ခေါ်ဝေါ်ကြသည့် Valley of Love တို့တွင် သွားရောက်လည်ပတ် အလှဓာတ်ပုံများ ရိုက်ကူး ကြပါမည်။ ထို့နောက် နေ့လည်စာကို ဒေသဆိုင်ရာစား သောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် သာယာလှပသော ဒါတန်လာရေတံခွန် သို့ ဆက်လက်ထွက်ခါွပါမည်။ ဒါတန်လာရေတံခွန်တွင် ကိုယ်တိုင် မောင်းနှင်စီးနင်းနိုင်သော Alpine Coster ကို စိတ်လှုပ်ရှားဖွယ်စီးနင်းပြီး ရေတံခွန်ရှိရာဆီသို့ သွားရောက်ပါမည်။ ထို့နောက်ညစာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ကမ်းခြေများရှိရာ မွေနဲမြို့သို့ ဆက်လက်ထွက်ခါွပါမည်။ ထို့နောက် ဟိုတယ်သို့ check-in ဝင်ရောက်ကာ တစ်ညတာ အေးချမ်းစွာ အနားယူအိပ်စက်ပါမည်။

vietnam 17vietnam 18vietnam 19

(Day - 4) မွေနဲ - ဟိုချီမင်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက နတ်သမီးစမ်းချောင်းဟု တင်စားခေါ်ဝေါ်သည့် Fairy Stream သို့ သွားရောက်လည်ပတ်ပါမည်။ စမ်းချောင်းလေးထဲတွင် လမ်းလျှောက်ရင်း လှပသော တောင်တန်းများနှင့် တောအုပ်များကို နောက်ခံထားရင်း ဓာတ်ပုံများ ရိုက်ကူး နိုင်ပါသည်။ ထို့နောက် မွေနဲ၏ အထင်ကရ သဲနီတောင်ကုန်း သို့ဆက်လက်ထွက်ခါွပါမည်။ သဲနီတောင်ကုန်းတွင် စိတ်ကြိုက် လည်ပတ် ပြီးနောက် သဲဖြူတောင်ကုန်းသို့ ဆက်လက်ထွက်ခါွပါမည်။ သဲဖြူတောင်ကုန်းတွင် စိတ်လှုပ်ရှားဖွယ် ဂျစ်ကားစီးရင်း လှပသော တောင်ကုန်း များ တစ်လျှောက်လည်ပတ်ကြပါမည်။ ထို့နောက် မွေနဲ တံငါရွာသို့သွားရောက်လည်ပတ်ပြီး ဒေသခံတံငါသည်များ၏ ဇလုံပုံစံ ငါးဖမ်းလှေများ ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ထို့နောက် နေ့လည်စာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ဟိုချီမင်းမြို့သို့ ပြန်လည်ထွက်ခါွလာပြီး Ben Thanh ဈေးတွင် စိတ်ကြိုက်ဈေးဝယ်နိုင်ရန် ပို့ဆောင် ပေးပါမည်။ ထို့နောက်ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးပါက ဟိုတယ်သို့ check-in ဝင်ရောက်ကာ တစ်ညတာ အေးချမ်းစွာ အနားယူအိပ်စက်ပါမည်။

vietnam 20vietnam 21vietnam 22

(Day - 5) ဟိုချီမင်း - ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဟိုချီမင်းမြို့ Tan Son Nhat အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ။

ခရီးစရိတ်အနေနဲ့ တစ်ဦးလျင် USD - သာကျသင့်မှာဖြစ်ပါတယ်။

ခရီးစရိတ်မှာ ဒါတွေအပြီးအစီးပါပြီးသားပါ။

  • Vietnam လေကြောင်းလိုင်းဖြင့် လေယာဉ်လက်မှတ် အသွားအပြန်
  • လေယာဉ်ပေါ်တွင် အစားအသောက်ဖြင့် ဧည့်ခင်းတည့်ခံခြင်း
  • ခရီးဆောင်အိတ် ကီလို (၂၀) သယ်ဆောင်ခွင့်
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ဟိုချီမင်းမြို့ပေါ်တွင် သွားရောက်လည်ပတ်ခြင်း အစီအစဉ်များ
  • ဟိုတယ်တွင် တည်းခိုခ (တစ်ခန်းလျှင် ၂ ဦးနှုန်း)
  • မြန်မာနိုင်ငံမှ အုပ်စုခေါင်းဆောင်
  • ဒေသဆိုင်ရာ ဧည့်လမ်းညွှန်
We are member of
We accept payment by
  • No.75, 1st Floor, Lan Thit Street, Lanmadaw Township, Yangon, Myanmar.
  • (+95-1) 227225, 225778, 2301600
  • This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.
  • www.smmyanmar.com

Photo Gallery

Trip Advisor

Top