eng flag chinese flag japanese flag

ဂျပန် ၆ညအိပ် ၇ရက် ခရီးစဉ်

ရန်ကုန်-တိုကျို-ကာမာကူရ-ဖူဂျီတောင်-အိုဆာကာ-ရန်ကုန်

japan 01

Day 1။ ။ ရန်ကုန် - ဆိုင်ဂုံ - တိုကျို

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ  လေကြောင်းခရီးစဉ်  ဖြင့်  ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ပျံသန်းမည် ဖြစ်ပါသည်။ လေယဉ်ပေါ်တွင် တစ်ညတာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။ (လေယာဉ်ပေါ်တွင် ကျွေးမွေးသော အစားအသောက်သာ ပါဝင်ပါသည်။)

japan 02japan 03japan 04

Day 2 ။ ။ တိုကျို (နံနက်၊ နေ့လည်၊ ညစာ။)

နံနက်စောစောတွင် တိုကျိုမြိ့ုရှိ နာရီတာလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ပထမဦးစွာ ပေါ့ပါးသော နံနက်စာ သုံးဆောင်ပါမည်။ နံနက်စာ သုံးဆောင်ပြီးနောက် တိုကျိုမြို့တွင် သက်တမ်းအကြာဆုံး ဘုရားကျောင်း တစ်ကျောင်းဖြစ်သော Asakusa Sensouji Temple သို့ သွားရောက် လည်ပတ်ကြပါမည်။ ဂျပန်လူမျိုးများ၏ ယဉ်ကျေးမှု့ ဓလေ့ထုံးစံနှင့် ဗိသုကာ လက်ရာများကို လေ့လာပြီးနောက် အထူးပင်စည်ကားလှသော Nakamise Street လမ်းမတစ်လျှောက်တွင် အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ဝယ်ယူနိုင်ရန် အချိန်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက တိုကျိုတွင် အသစ်ဖွင့်လှစ်ထားရှိပြီး မိုးမျှော်သစ်ပင်ဟု့ တင်စားခေါ်ဝေါ်သည့် ဂျပန်မှာသာမက ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရုပ်သံလွှင့် တာဝါတိုင်ဖြစ်သော Tokyo Sky Tree သို့တက်ကာ မြို့အလှကို ကြည့်ရှု့ခံစားပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် တိုကျိုမြိ့ု၏အစည်ကားဆုံး ဈေးဝယ်လမ်းမကြီးဖြစ်သော ရှီဘုယျသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး စိတ်ကြိုက်ဈေးဝယ်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ (ပေါ့ပါးသော နံနက်စာနှင့် နေ့လည်စာ၊ ညစာ)

japan 05japan 06japan 07

Day 3။ ။ တိုကျို (နံနက်၊ နေ့လည်၊ ညစာ။)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက Imperial Palace ခေါ် ဂျပန်ဧကရာဇ် စံမြန်းရာအိမ်တော်သို့ သွားရောက်လည်ပတ်ပြီး ပြင်ပမှ အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ထိုမှတဆင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်ဖွယ် အကောင်းဆုံး ကစားကွင်းများရှိရာ တိုကျို Disney Land သို့ကားဖြင့် သွားရောက်လည်ပတ်ပြီး ကစားကွင်းအတွင်းတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ကစားနည်းများနှင့် များပြားလှသော စိတ်ကြည်နှုးဖွယ်ကောင်းသော ကစားကွင်းအတွင်း တင်ဆက်မှုများကိုလည်း ကြည့်ရှု့ကြပါမည်။ ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး ဖျော်ဖြေရေး ပန်းခြံဖြစ်ပြီး တစ်နေရာတည်းတွင် တည်ရှိသော Disney Sea ရှိပြပွဲများတွင်လည်း ပါဝင်ဆင်နွဲနိုင်ပါသည်။ ထို့နောက် ညစာသုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

japan 08japan 09japan 10

Day 4။ ။ တိုကျို - ကာမာကူရ - ဟကိုနဲ (နံနက်၊ နေ့လည်၊ ညစာ။)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ကမာကူရမြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာလာပြီး ဂျပန်နိုင်ငံ၏ ဒုတိယ အကြီးဆုံးနှင့် ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသော ထိုင်တော်မူ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော် ကမာကူရ ဘုရားဆင်းတုတော်ကြီးအား သွားရောက် ဖူးမြှော်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ကာမာကူရမြိ့ုမှ ဆက်လက်ထွက်ခွာလာပြီး နတ်ရေကန်ဟု တင်စားခေါ်ဝေါ်ကြသော Ashi ကန်အတွင်းတွင် သဘောၤဖြင့် လှည့်လည်သွားလာရင်း ဖူဂျီတောင် နောက်ခံဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် သဘာဝရေပူစမ်းများထွက်ရှိရာ အိုဝါခူဒါနီတောင်ကြားသို့ Cable Car ဖြင့် သွားရောက်လည်ပတ်မည်ဖြစ်ပြီး နုပျိုစေသည်ဟု ယုံကြည်ကြသော ကြက်ဥမဲများကို မြည်းစမ်းကြပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

japan 11japan 12japan 13

Day 5။ ။ ဟကိုနဲ - ဖူဂျီတောင် - နဂိုယာ (နံနက်၊ နေ့လည်၊ ညစာ။)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဖူဂျီယာမတောင် ( Mt.Fuji ) သို့သွားရောက်လည်ပတ်ပါမည်။ ဖူဂျီယာမ တောင်တက်ရာတွင် စခန်း (၁၀)
ခုရှိပြီး ရာသီဥတုပေါ်မူတည်၍ ကားဖြင့် စခန်းအမှတ် (၅) အထိ သွားရောက်ပြီး ဖူဂျီတောင်၏ သဘာဝ ပတ်ဝန်းကျင်အလှကို ကြည့်ရှု့ခံစားပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် နတ်ရေကန်ဟု တင်စားခေါ်ဝေါ်သော ဖူဂျီတောင်ခြေတွင် ရှိသော Oshino Hakkai သို့ သွားရောက် လေ့လာပြီး ဖူဂျီတောင်ကို နောက်ခံထားပြီး အလှဓါတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာကို ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ဂျပန်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်ကို ကိုယ်တိုင်တွေ့ကြုံ ခံစားနိုင်ရန် တိုယိုဟရှိဘူတာရုံသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ကျည်ဆံရထားဖြင့် နာဂိုယာသို့ သွားရောက်မည်ဖြစ်ပါသည်။ နာဂိုယာသို့ ရောက်ရှိပါက ညစာကို ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

japan 14japan 15japan 16

Day 6။ ။ နဂိုယာ - ကျိုတို - အိုဆာကာ (နံနက်၊ နေ့လည်၊ ညစာ။)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ကျိုတိုရှေးဟောင်းမြိ့ုတော်သို့ ဆက်လက်ထွက်ခွာလာပြီး ရွှေနန်းတော် အဖြစ်မှ ဇင်ဗုဒ္ဓဘာသာ ဘုရားကျောင်းအဖြစ် ပြောင်းလဲထားပြီး အပေါ်ကျောင်းဆောင် နှစ်ထပ်အား ရွှေချထားသော Kinkakuji Temple သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဂျပန်ရိုးရာ ကီမိုနို အလှဝတ်စုံများ ဝတ်ဆင်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် အိုဆာကာမြို့တော်၏ သမိုင်းဝင် အထင်ကရ နေရာတစ်ခုဖြစ်သော အိုဆာကာရဲတိုက်သို့ သွားရောက်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ယူကြပါမည်။ ဆက်လက်၍ အိုဆာကာမြို့တွင်းသို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချရာ ( Shinsaibashi Shopping Mall ) တွင် ပျော်ရွှင်လွတ်လပ်စွာ ဈေးဝယ်ပြီးလျှင် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ လိုက်ပါပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။ (နံနက်၊ နေ့လည်၊ ညစာ။)

japan 17

Day 7။ ။ အိုဆာကာ - ဆိုင်းဂုံ - ရန်ကုန် (နံနက်စာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက အိုဆာာကာရှိ ကန်ဆိုင်းလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး လေကြောင်းခရီးစဉ်  ဖြင့်  ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ (နံနက်စာနှင့် လေယာဉ်ပေါ်တွင် ကျွေးမွေးသော အစားအသောက်သာ ပါဝင်ပါသည်။)

ပါဝင်သော ဝန်ဆောင်မှုများ

  • ရန်ကုန်မှ အသွားအပြန် ကီလို (၃၀) သယ်ဆောင်ခွင့် အပါ လေယာဉ်လက်မှတ်ခနှင့် လေဆိပ်ခွန်များ၊
  • ဗီဇာကြေး
  • သက်ဆိုင်ရာဗီဇာလျောက်ထားရန် လိုအပ်သော အထောက်အထားများအတွက် နိုတြီကြေး နှင့်ဝန်ဆောင်ခများ၊
  • ကြယ်သုံးပွင့်အဆင့်ဟိုတယ်ခန်းများတွင် နံနက်စာအပါအဝင် အခန်းတစ်ခန်းတွင် (၂)ဦးနှုန်း တည်းခိုခများ၊
  • ခရီးစဉ်တလျောက် စားသောက်ဆိုင်များတွင် ဖော်ပြပါ နေ့လည်စာ ညစာ
  • ဒေသခံအင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • ဖော်ပြပါခရီးစဉ်အတိုင်း သီးသန့်ကားများဖြင့် အလည်အပတ်အစီအစဉ်များ၊
  • သက်ဆိုင်ရာဝင်ကြေးခများ၊
  • ခရီးစဉ်စဆုံး အဆင်ပြေမှုရှိစေရန် မြန်မာစကားပြော အဖွဲ့ခေါင်းဆောင် (Tour Leader) လိုက်ပါ စီစဉ်ပေးမှု၊
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းများအတွက် အပိုဆုကြေးငွေ

ခရီးစဉ်တွင် မပါဝင်သောဝန်ဆောင်မှုစရိတ်များ

  • ကျန်းမာရေးအာမခံ နှင့် အသက်အာမခံဝယ်ယူစရိတ်များ၊
  • ခရီးစဉ်တွင်မပါဝင်သော အစီအစဉ်များ၊ ညပွဲများ စသဖြင့် လည်ပတ်ခြင်းများအတွက် အပိုကုန်ကျစရိတ်များ၊
  • ဟိုတယ်များတွင် Mini-bar၊ အခပေးရုပ်သံ (Pay TV) နှင့် တယ်လီဖုန်း အသုံးပြူ ကုန်ကျစရိတ်များ၊
  • အခြားကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ၊ (ဥပမာ - သောက်ရေသန့်ဗူး၊ အချိုရည်၊အဖျော်ယမကာခများ၊ ဟိုတယ်တွင် အဝတ်လျော်ခများ စသဖြင့်)
  • ပြည်တွင်း/ပြည်ပလေယာဉ်များတွင် ဝန်ပို တန်ဆာခများ၊
  • ဖော်ပြမထားသောအစားအသောက်စာရိတ်များ၊
  • ခရီးစဉ်တွင်ဖော်ပြမထားသော အခြားကုန်ကျစရိတ်များ

ဂျပန်ဗီဇာလျှောက်ရန် လိုအပ်ချက်များ

၁။ Passport စာအုပ်မူရင်း။ (အနည်းဆုံး သက်တမ်း ၆ လရှိရမည်။)
၂။ ၂ လက်မပတ်လည် (၂” x၂” ) နောက်ခံအဖြူရောင် ကာလာဓါတ်ပုံ (၂) ပုံ
၃။ သန်းခေါင်စာရင်း မိတ္တူ၊ မူရင်း။ နိုတြီ
၄။ သိန်း (၁၀၀) နှင့်အထက် ငွေအထုတ်အသွင်း သက်တမ်းရှိစာအုပ်ဖြစ်ရပါမည်။
၅။ အလုပ်ကိုင် အထောက်ထား တစ်ခုပြပေးရန် လိုအပ်ပါသည် ။
၆။ သက်ပြည့်ပင်စင် သမားဖြစ်ပါက ပင်စင်စားထောက်ခံစာစာရွက်လိုအပ်ပါသည် ။
၇။ ကုမ္ပဏီတွင် ဒါရိုက်တာအဖြစ် ပါရှိပါက Form 6 ၊ 26 ၊ မှတ်ပုံတင်၊ လိုင်စင်ပြပေးရန် လိုအပ်ပါသည်။
၈။ ဝန်ထမ်းဖြစ်ပါက အုပ်ချုပ်မှုဒါရိုက်တာမှ အလုပ်လုပ်ကြောင်း ထောက်ခံစာ။
၉။ ဆိုင်လုပ်ငန်းဖြစ်ပါက စည်ပင်လိုင်စင်နှင့် သက်တမ်းတိုးထားသော စာရွက် လိုအပ်ပါသည်။

We are member of
We accept payment by
  • No.75, 1st Floor, Lan Thit Street, Lanmadaw Township, Yangon, Myanmar.
  • (+95-1) 227225, 225778, 2301600
  • This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.
  • www.smmyanmar.com

Photo Gallery

Trip Advisor

Top