eng flag chinese flag japanese flag

ရန်ကုန်- ဘန်ကောက်- ပတ္တရား ( 3 ညအိပ် 4 ရက်)

bangkok 02bangkok 01

ပထမနေ့ : ရန်ကုန် - ဘန်ကောက် - ပတ္တယား (နေ့လည်စာ ၊ ညစာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ၍ ထိုင်းနိုင်ငံ ( ) လေဆိပ်သို့ နေ့လည်ပိုင်းတွင် ရောက်ရှိပါမည်။
ထို့နောက် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက်ပတ္တရားသို့ထွက်ခွာပြီး ဧက ၅၀ဝ နီးပါးကျယ်ဝန်းသည့် Nong Nooch Village ရောင်စုံပန်းဥယျာဉ် ကြီးထဲတွင် လည်ပတ်ကြမည်။ ဥယျာဉ်ကြီးထဲ တွင် ယဉ်ကျေးလိမ်မာသော တိရစ္ဆာန်လေးများအား အစာကျွေး ရင်း ဓါတ်ပုံလှလှလေးများ ဖန်တီးကြမယ်။ အနုပညာလက်ရာမြောက် ထိုင်းရိုးရာ ပြကွက် များအား လေ့လာကြည့်ရှုကြမည်။ ညပိုင်းတွင် ရောင်စုံဆိုးဆေးတွေနဲ့ အလှပဆုံး လိမ်းချယ် ပြင်ဆင် ထားသော လေဒီ ဘွိုင်း (အခြောက်လေးများ) ကပြဖျော်ဖြေသော ကမ္ဘာကျော် Alcazar Show ပွဲကိုလည်းခံစား ကြည့်ရှုကြမည်။ ညစာအားဒေသတွင်း စားသောက်ဆိုင် တွင်သုံးဆောင်၍ ပတ္တရား ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

bangkok 03 bangkok 04 bangkok 05

ဒုတိယနေ့ : ပတ္တယား - ဘန်ကောက် ( မနက်စာ ၊ နေ့လည်စာ ၊ ညစာ)

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက်Coral Island (သဲဖြူကျွန်း)လို့ခေါ်တဲ့ Pattaya Beach သို့ သွားရောက်လည်ပတ်ပါမည်။ သာယာလှပသော Pattaya ကမ်းခြေ တွင် စပိဘုတ်စီးခြင်း ၊ ပျှော်ရွှင်စွာရေဆော ့ကစားကြခြင်း လွတ်လပ်စွာ အနားယူအပန်းဖြေခြင်း များ ပြုလုပ်ကြပါမည်။ နေ့လည်စာအား ဟိုတယ်တွင်သုံးဆောင် ကြပါမည်။ထို့နောက် နိုင်ငံခြားခရီးသွား ဧည့်သည်များအား ဆွဲဆောင် ရာ နေရာတစ်ခုဖြစ်သော ပတ္တရားရှိ Buddha Mountain ဟုခေါ်သော Laser Pagoda အားသွားရောက်ဖူးမြော်ပါမည်။ ထို့နောက် ပတ္တ ရား မှ အသစ်ဖွင့်လှစ်လိုက်သောရေခဲကမ္ဘာ Frost Magical Ice of Siam သွား ရောက် လည်ပတ်ပြီး လှပဆန်းကြယ်သော ဓါတ်ပုံများအားဖန်တီးရယူကြပါမည်။ ထို့နောက် ပတ္တရား မှ ဘန်ကောက်သို့ ပြန်လည်ထွက်ခွာပါမည်။ ဘန်ကောက်သို့ရောက်ရှိ ပြီးနောက် Platinum Shopping Mall တွင် ဈေးဝယ်ထွက်ပါမည်။ ညစာအားဒေသတွင်း စားသောက် ဆိုင် တွင် သုံးဆောင် ပြီးနောက်ဘန်ကောက်ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနား ယူပါ မည်။

bangkok 06 bangkok 07 bangkok 08

တတိယနေ့ : ဘန်ကောက် ( မနက်စာ ၊ နေ့လည်စာ ၊ ညစာ)

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် ထိုင်းလူမျိုးများ ကိုးကွယ်ယုံကြည်မှုနှင့်အတူ အထွဋ္ဋ်အမြတ်ထားရာ မြဘုရား နှင့် ဘန်ကောက် ၏ ဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သော Royal Grand Palace တော်ဝင်နန်းတော် သို့ သွားရောက်လည်ပတ်ပါမည်။ ဒေသတွင်း စားသောက်ဆိုင်တွင် နေ့လည်စာ သုံးဆောင်ပြီးနောက် ကမ္ဘာကျော်များ၏ ပုံစံတူပြုလုပ်ထားသည့် ဖယောင်းရုပ်ထုများရှိရှာ Madame Tussauds သို့သွားရောက်လည်ပတ်ပြီး ဓါတ်ပုံအလန်းစားများရိုက်ကူးကြမည်။ ထို့နောက် ငါးပြတိုက် ဖြစ်သော Sea Life Bangkok Ocean World သို့သွားရောက်လည်ပတ်ပါမည်။ ဈေးဝယ်အစီအစဉ် အဖြစ် ဘန်ကောက်ရှိ နံမည်ကြီး MBK Shopping Mall သို့ ပို့ဆောင်ပေးပါမည်။ ညစာအား ဘန်ကောက် ရှိအမြင့်ဆုံးတာဝါ ဖြစ်သော Baiyoke Sky Hotel တွင်အမျိုးအစား စုံလင်လှသည့် စားသောက်ဖွယ်ရာများအား ဘူဖေး ပုံစံသုံးဆောင်ရင်း ဘန်ကောက် မြို့ ပြ ညအလှ ကို ခံစားကြပါမည်။ ထို့နောုက် ဘန်ကောက်ရှိ ဟိုတယ်တွင် အေးချမ်းစွာ အနားယူ အိပ်စက် ပါမည်။

bangkok 09bangkok 11bangkok 10

စတုတ္ထနေ့ : ဘန်ကောက် - ရန်ကုန် ( မနက်စာ ၊ နေ့လည်စာ )

bangkok 12bangkok 13bangkok 14

 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သတ်မှတ်ချိန်တွင် ဟိုတယ်မှ Check-Out ပြုလုပ်ပြီး ပျော်ရွှင်ရင်ခုန်ဖွယ်ကောင်းသော ကစားနည်းများရှိရာ Dream World သို့ ပို့ဆောင်ပေးပါမည်။ Dream World အတွင်းတွင် နှင်းမြို့တော်ခေါ် Snow Town သို့ ဝင်ရောက်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ နေ့လည်စာ သုံး ဆောင် ပြီးနောက် ဘန်ကောက်လေဆိပ်မှတဆင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။

ပါဝင်သောဝန်ဆောင်မှုများ.........

  • ရန်ကုန်-ဘန်ကောက်-ရန်ကုန် လေယာဉ်လက်မှတ်အသွားအပြန် ( 20 Kg )
  • ကြယ် 3 ပွင့်အဆင့် ဟိုတယ်တွင် တည်းခိုခြင်း ( တစ်ခန်း ၂ဦးနှုန်း)
  • ခရီးစဉ်တွင်ပါဝင်သော ဝင်ကြေးများ၊
  • အစားအသောက်များ၊ (နံနက်စာ ၊ နေ့လည်စာ နှင့် ညစာ )
  • လည်ပတ်စရာနေရာများ
  • ဒေသဆိုင်ရာ ဧည့်လမ်းညွှန်
  • ခရီးစဉ်အတွက် သီးသန့် A/C ကား
  • မြန်မာနိုင်ငံမှခရီးစဉ် ခေါင်းဆောင်
We are member of
We accept payment by
  • No.75, 1st Floor, Lan Thit Street, Lanmadaw Township, Yangon, Myanmar.
  • (+95-1) 227225, 225778, 2301600
  • This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.
  • www.smmyanmar.com

Photo Gallery

Trip Advisor

Top