eng flag chinese flag japanese flag

ရန်ကုန် - ဖနွမ်းပင်- ဆီရမ်းရိ(ပ်) - ဖနွမ်းပင် - ရန်ကုန် (၃ညအိပ် ၄ရက်)

cambodia 01

Day 1 : ရန်ကုန် - ဖနွမ်းပင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Emirate လေကြောင်းခရီးစဉ် (EK 388 18:55 PM / 21:25 PM) ဖြင့် ဖနွမ်းပင် အပြည်ပြည်ဆိုင် ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည် ။ ဖနွမ်းပင်လေဆိပ်သို့ ရောက်ရှိသောအခါ ဒေသဆိုင်ရာ ဧည်လမ်းညွှန်မှ လာ ရောက်ကြိုဆိုပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး တစ်နေ့တာပင်ပန်းသမျှကို အိပ်စက်အနားယူပါမည်။

cambodia 02cambodia 03cambodia 04

Day 2 : ဖနွမ်းပင် - ဆီရမ်းရိ(ပ်)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ၁၉၅၈ ခုနစ်မှာ စိုက်ထူခဲ့သော ကမ္ဘောဒီယား နိုင်ငံ၏ လွတ်လပ်ရေးကျောက်တိုင် Independent Monument သွားရောက်လည်ပတ်ပြီးနောက် ဖနွမ်းပင်မြို့ ၏အလယ်ဗဟိုတွင်တည်ရှိသော Wat Phnom သို့ သွားရောက်လည်ပတ်ပါမည် ။ ထို့နောက် နေ့လည်စာကိုဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဖနွမ်းပင်မြို့မှ (၂၃၁ ) ကီလိုကွာဝေးသော ဆီရမ်းရိသို့ Kom Pong Kdei bridge မှတစ်ဆင့် ကားဖြင့်သွားရောက်လည်ပတ်ပါမည်။ လမ်းခရီးတွင် အညောင်းအညာပြေရန်နှင့် ကျန်းမာရေးအတွက် လိုအပ်သလို ကားရပ်နားပြီး အနားယူပါမည်။ ဆီရမ်းရိ(ပ်)သို့ ရောက်ရှိပါက ညစာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးနောက် တစ်နေ့တာပင်ပန်းသမျှကို ဟိုတယ်တွင် အိပ်စက် အနားယူပါမည် ။

cambodia 05cambodia 06cambodia 07

Day 3 : ဆီရမ်းရိ(ပ်)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Great City (သို့) လေးမျက်နှာ ကျောက်ဆစ်ဘုရား ရုပ်ထုများတည်ရှိရာ Bayon Temple သို့သွားရောက်လေ့လာပါမည် ။ မျက်နှာအမူအရာအမျိုးမျိုးဖြင့် ကျောက်ဆစ်ရုပ် ဘုရားမျက်နှာတော်များရှိရာ Bayon ၊ Baphuon ၊ ရှေ့ခေတ် ခမာလူမျုးိများ၏ နေထိုင်မှုဘဝ သရုပ်ဖော်ပုံများနှင့် ဆင်ရုပ် ၊ ဂဠုန်ရုပ် ၊ ကိန္နရာရုပ်များဖြင့် ချယ်မှုန်းထားသော စင်္ကြန်လျှောက်လမ်းများနှင့် Leper King လျှောက်လမ်းများကို သွားရောက်ကြည့်ရှုပါမည် ။ ထို့နောက် သစ်ပင်အမြစ်များကြားတွင် အံ့သြဖွယ် ဖြစ်တည်နေသော Ta Prohm ဘုရားကျောင်းသို့ သွား ရောက်လည်ပတ်ပြီးနောက် နေ့လည်စာကို ဒေသဆိုင်ရာစားသောက် ဆိုင်တွင် သုံးဆောင်ပါမည် ။နေ့လည်စာ သုံးဆောင်ပြီးနောက် ခမာလူမျိုးများ၏အခန်း ငြားဆုံးနှင့် အကောင်းဆုံးကျောက် ဆစ်လက်ရာ တစ်ခုဖြစ်သော Angkor Wat ကျောင်းတော်ကြီးသို့ သွားရောက်လေ့လာ ပါမည်။ Angkor Wat ကျောင်းတော်ကြီးကို ၁၂ ရာစုတွင် တည်ဆောက်ခဲ့ပြီး တည်ဆောက်စဉ်ကာလ၏ လူနေမှုပုံစံ၊ ရာမယနဇာတ်တော်တို့ကို အသေးစိတ်ထုထွင်ထားပြီး စာကြည့်တိုက် ၊တရားစီရင်ရုံးစသည့်ဖြင့် အဆောင်ပေါင်းများစွာ ပါဝင် ဖွဲ့စည်းတည်ဆောက်ထားပြီး ရှေးခမာလူမျိုးများ၏ အနုပညာလက်ရာများစွာကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ထို့နောက်ညစာကို ခမာတော်ဝင်အကများရှုစားရင်း ကမ္ဘောဒီယား ရိုးရာ အစားစာများကို သုံးဆောင် မည်ဖြစ်ပါသည် ။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်လည်ပို့ဆောင်ပေးပြီး တစ်နေ့တာပင်ပန်းသမျှကို အိပ်စက် အနား ယူပါမည်။

cambodia 08cambodia 09cambodia 10

Day 4 : ဆီရမ်းရိ(ပ်) - ဖနွမ်းပင် - ရန်ကုန်

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် အရင်ခေတ်က ခမာလူမျိုးများကို ရက်ရက်စက်စက်သတ်ပစ်ခဲ့သော Wat Thmey သို့သွားရောက်လည်ပတ်ပြီးနောက် ဆီရမ်းရိတောင်ဘက် (၁၅)ကီလိုမီတာ အကွာတွင် တည်ရှိသောကမ္ဘောဒီယားနိုင်ငံ၏ အကြီးဆုံးရေချိုကန်ဖြစ်သည့် Tonle Sap Lake သို့သွားရောက်လည်ပတ်ပါမည် ။ ကန်အတွင်းမှီတင်းနေထိုင်လျက်ရှိသော ဒေသခံများ၏ ရေပေါ်အိမ်များနှင့် မိကျောင်းမွေးမြူရေးရေကန်တို့ကို စက်လှေဖြင့် လှည်လည်ကြည့်ရှုရင်း ကမ္ဘောဒီယားနိုင်ငံ၏ လူနေမှု ဘဝတို့ကိုသွားရောက်လေ့လာပါမည် ။ ထို့နောက် ဆီရမ်းရိမှ ဖနွမ်းပင်သို့ ပြန်လည်ထွက်ခွာပါမည်။ ဖနွမ်းပင်သို့ ရောက်ရှိသော အခါ လူသုံးကုန်ပစ္စည်းများ ၊အဝတ်အထည်များ ဝယ်ယူရရှိနိုင်ရန် Russian Market သို့ ပို့ဆောင်ပေးပြီး လွတ်လပ်စွာဈေးဝယ်ယူနိုင်ပါသည် ။ ဈေးဝယ်ယူပြီးနောက် ဖနွမ်းပင်မြို့ ၏ နာမည်ကြီး Naga World Casino သို့သွားရောက်လည်ပတ်ကြည့်ရှုပြီးနောက် စုရပ်မှ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးပြီး Emirate လေကြောင်းခရီးစဉ် (EK 389 23:10 PM/ 00:40 AM ) ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည် ။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုမှား

  • ရန်ကုန်-ဖနွမ်းပင်-ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ် (Emirate လေကြောင်းခရီးစဉ်)
  • ဟိုတယ်တွင် နံနက်စာအပါအဝင် အခန်းတစ်ခန်းလျှင် ၂ ဦးနှုန်းတည်းခိုခများ
  • ခရီးစဉ်တလျှောက် စားသောက်ဆိုင်များတွင် ဖော်ပြပါ နေ့လည်စာ၊ ညစာများ။
  • ဒေသခံအင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • ဖော်ပြပါ ခရီးစဉ်အတိုင်း သီးသန့်ကားများဖြင့် အလည်အပတ်အစီးအစဉ်များ
  • သက်ဆိုင်ရာ ဝင်ကြေးခများ
  • ခရီးစဉ်စဆုံး အဆင်ပြေမှုရှိစေရန် မြန်မာစကားပြော အဖွဲ့ခေါင်းဆောင် (Tour Leader) လိုက်ပါစီစဉ်ပေးမှု
  • ဧည့်လမ်းညွှန်နှင့်ယာဉ်မောင်းများအတွက် အပိုဆုကြေးငွေ
We are member of
We accept payment by
  • No.75, 1st Floor, Lan Thit Street, Lanmadaw Township, Yangon, Myanmar.
  • (+95-1) 227225, 225778, 2301600
  • This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.
  • www.smmyanmar.com

Photo Gallery

Trip Advisor

Top