eng flag chinese flag japanese flag

ဗီယက်နမ် ၃ညအိပ်၄ရက်ခရီးစဉ် (မြောက်ပိုင်း)

vietnam 01

Day 1 : ရန်ကုန် - ဟနွိုင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ  လေကြောင်းခရီးစဉ်  ဖြင့် ဖနွမ်းပင် အပြည်ပြည်ဆိုင် ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည် ။ ဖနွမ်းပင်လေဆိပ်သို့ ရောက်ရှိသောအခါ ဒေသဆိုင်ရာ ဧည်လမ်းညွှန်မှ လာ ရောက်ကြိုဆိုပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး တစ်နေ့တာပင်ပန်းသမျှကို အိပ်စက်အနားယူပါမည်။

vietnam 02vietnam 03vietnam 04

(Day - 2) ။ ။ ဟနွိုင်း - နင်ဘင်း - ဟာလောင်းမြို့

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက သာယာလှပသော Ninh Binh မြို့သို့ ခရီးဆက်ပါမည် ။ အကြီးဆုံးဗုဒ္ဓဆင်းတုတော်ဖြစ်ပြီး အမြင့် ၁၀ မီတာ၊ အလေးချိန် တန်၁၀ဝ ရှိသော Bai Dinh ကြေးသွန်းဘုရားသို့သွားရောက် ဖူးမြော်လည်ပတ်ပြီး နေ့လည်စာကို စားသောက်ဆိုင် တွင် သုံးဆောင်ပါမည်။ ထို့နောက် Tourist Attraction တစ်ခုဖြစ်သော Tam Coc တွင် လှေငယ်လေးများဖြင့် Sang cave , Toi cave , Ba Giot cave နှင့် NauRuou အစရှိသည့် နေရာများသို့ သွားရောက်လည်ပတ်ရင်း တောတောင်သဘာဝရှုခင်းများကို ကြည့်ရှု ခံစားမည် ဖြစ်ပါသည် ။ ထို့နောက် ဟာလောင်းမြို့သို့ ကားဖြင့် ထွက်ခွါလာပြီး ညစာသုံးဆောင်ပြီး ဟာလောင်းညဈေး သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟိုတယ်တွင်တစ်ညတာ အေးချမ်းစွာအနားယူအိပ်စက်ပါမည်။(နံနက်၊ နေ့လည်၊ ညစာ)

vietnam 05vietnam 06vietnam 07

(Day - 3) ။ ။ ဟာလောင်း - ဟနွိုင်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက သာယာလှပသော ဟာလောင်းပင်လယ်အော်အတွင်း အပျော်စီးသင်္ဘောဖြင့် လှည့်လည်ရင်း အမှတ်တရဓာတ်ပုံများရိုက်ကူးပါမည်။ ထို့နောက် လှပသော Bai Tu Long Bay ရှိ ထုံးကျောက်တောင်များ တစ်လျှောက် ခုတ်မောင်း သွားလာပြီး ကျောက်စက်ပန်းဆွဲများဖြင့် လှပသော လှိုင်ဂူအတွင်းသို့ ဝင်ရောက်လေ့လာပါမည်။ ဟာလောင်းပင်လယ်အော်မှ ဟနွိုင်းမြို့ ဆိပ်ကမ်းသို့ ပြန်လည်ခုတ်မောင်းလာပြီး အေးချမ်း ပင်လယ်အော်အတွင်းမှ နဂါးကြီးတစ်ကောင် ထိုးထွက်နေသယောင် ထုံးကျောက် တောင် များဖြင့် လှပလွန်းသော ပင်လယ်နောက်ခံဖြင့် အမှတ်တရဓါတ်ပုံကူးနိုင်ပါသည်။ သင်္ဘောပေါ်တွင် ပင်လယ်စာဖြင့် နေ့လည်စာ သုံးဆောင်ရင်း ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့နောက် ဟနွိုင်းမြို့သို့ကားဖြင့် ပြန်လည်ထွက်ခွာ လာပြီးနောက် ဗီယက်နမ်လူမျိုးတို့၏ ရိုးရာနှင့် နေထိုင်မှုပုံစံများကို စိတ်ဝင်စားဖွယ် ကပြတင်ဆက်သော ရေပေါ်ရုပ်သေးရုပ်ပြပွဲကို ကြည့်ရှုပါမည်။ ထို့နောက် ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟနွိုင်းညဈေးတွင် စိတ်ကြိုက်ဈေးဝယ်ရန် အချိန်ပေးပါမည်။ ဈေးဝယ်ပြီးပါက ဟိုတယ်သို့ Check-in ဝင်ရောက်ကာ တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။ (နံနက်၊ နေ့လည်၊ ညစာ)

vietnam 08vietnam 09vietnam 10

(Day - 4) ။ ။ ဟနွိုင်း - ရန်ကုန်

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Ba Dhin သို့ ကားဖြင့်သွားပါမည်။ Ba Dinh ရင်ပြင်သည် ဗီယက်နန်လူမျိုးတို့၏ နိုင်ငံ့ခေါင်းဆောင်ဟိုချီမင်းမှ လွတ်လပ်ရေးကြေငြာစာတမ်း ဖတ်ကြားခဲ့သောနေရာဖြစ်ပြီး ဟိုချီမင်းအထိန်းအမှတ်အုတ်ဂူကိုလည်း လေ့လာနိုင်ပါသည်။ ထို့နောက် တိုင်တစ်လုံးဘုရားကျောင်းတော် (One Pillar pagoda) ၊ ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံး တက္ကသိုလ် ဖြစ်သော စာပေဘုရားကျောင်း ( Temple of literature)၊ ကျောက်စိမ်းတောင် ဘုရားကျောင်း (Ngoc Son temple) နှင့် Tran Quoc ဘုရားကျောင်းဆောင်တို့ကို သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် နေ့လည်စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင်သုံးဆောင်ပြီးပါက လေဆိပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိပါမည်။ (နံနက်၊ နေ့လည်စာ)

ခရီးစရိတ်အနေနဲ့ တစ်ဦးလျှင် USD - သာကျသင့်မှာဖြစ်ပါတယ်

ခရီးစရိတ်မှာ ဒါတွေအပြီးအစီးပါပြီးသားပါ။

  • Vietnam လေကြောင်းလိုင်းဖြင့် လေယာဉ်လက်မှတ် အသွားအပြန်
  • လေယာဉ်ပေါ်တွင် အစားအသောက်ဖြင့် ဧည့်ခင်းတည့်ခံခြင်း
  • ခရီးဆောင်အိတ် ကီလို (၂၀) သယ်ဆောင်ခွင့်
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • သင်္ဘောဖြင့် ပင်လယ်အော်အတွင်း လှည့်လည်ရေး ခရီးစရိတ်
  • ဟနွိုင်းမြို့ပေါ်တွင် သွားရောက်လည်ပတ်ခြင်း အစီအစဉ်များ
  • ဟိုတယ်တွင် တည်းခိုခ (တစ်ခန်းလျှင် ၂ ဦးနှုန်း)
  • မြန်မာနိုင်ငံမှ အုပ်စုခေါင်းဆောင်
  • ဒေသဆိုင်ရာ ဧည့်လမ်းညွှန်
We are member of
We accept payment by
  • No.75, 1st Floor, Lan Thit Street, Lanmadaw Township, Yangon, Myanmar.
  • (+95-1) 227225, 225778, 2301600
  • This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.
  • www.smmyanmar.com

Photo Gallery

Trip Advisor

Top