eng flag chinese flag japanese flag

စင်္ကာပူ ၃ညအိပ်၄ရက်ခရီးစဉ်

singapore 01

Day 1 : ရန်ကုန်-စင်ကာပူ (နေ့လည်စာ ၊ ညစာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ရောက်ရှိပါမည်။ ထို့နောက်ဒေသဆိုင်ရာဧည့်လမ်းညွှန်နှင့်ချန်ဂီလေဆိပ်တွင်တွေ့ဆုံပြီးနောက်နေ့လည်စာသွားရောက်သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက စင်္ကာပူ မြို့တွင်းလှည့်လည်ရေး အစီအစဉ်အနေဖြင့် Merlion Park, Suntec City, Parliament House, City Hall, Esplanade တို့တွင် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူး နိုင်ရန် လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ထို့နောက် Local Restaurant တွင်ညစာကို အရသာရှိစွာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ လိုက်ပါပို့ဆောင်ပေးပြီး ( Check - In ) ပြုလုပ်ကာ တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

singapore 02singapore 03singapore 04

Day 2 : စင်ကာပူ (နံနက်စာ ၊ နေ့လည်စာ ၊ ညစာ)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် စင်္ကာပူနိုင်ငံမှကျော်ကြားလှသော စိန်လက်ရာဒီဇိုင်းများကို ခင်းကျင်းပြသထားသော အရောင်းခန်းမနှင့် သဘာဝဆေးဘက်ဝင် တိုင်းရင်းဆေးဆိုင်သို့ သွားရောက်လေ့လာကြည့်ရှပါမည်။ထိုနောက် Sentosa ကျွန်းပေါ်တွင် တည်ဆောက်ထားသော Universal Studio သို့ ပို့ဆောင်ပေးပြီး စင်္ကာပူနိုင်ငံ၏ ရေအောက်ကမ္ဘာ ဖြစ်သောSen Aquarium သို့သွားရောက် လေ့လာကြည့်ရှူပါမည်။ထိုနောက် ရင်ခုန်စိတ်လှပ်ရှားဖွယ်ကောင်းသော ကစားနည်းများကို လွတ်လပ်စွာ ဆင်နွှဲပီး 4D ရုပ်ရှင်နှင့် ဖျော်ဖြေပွဲများ ကို ကြည့်ရှူခံစားမည်ဖြစ်ပါသည်။Universal studio ကစားကွင်းအတွင်းရှိ ပျော်ရွှင်ရင်ခုန်ဖွယ် ကောင်းသော Rollar Coaster များ စိတ်လှုပ် ရှားဖွယ် Transformer စီးခြင်း၊ ခေတ်မီဆန်းသစ် လှပသော အပြင်အဆင်များဖြင့် ပြုလုပ်ထားသော Far Far Away ကဇာတ်ရုံကြီး အံသြ ရင်ခုန်ဖွယ် ကစားနည်းများနှင့်များပြားလှပသော ကစားနည်းမျိုးစုံကို လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ပါသည်။နေ့လည်စာကို Universai Studio အတွင်းတွင်ကူပွန်ဖြင့် သုံးဆောင်ရမည်ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Universal Studio အတွင်း လွတ်လပ် ပျော်ရွှင်စွာ အလှဓာတ်ပုံရိုက်ကူးပြီး ညစာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်မည်ဖြစ်ပါသည်။ ညစာ သုံးဆောင် ပြီးနောက် စွဲမက်ဖွယ် ရေပန်းအကအလှဖြစ်သည့် ပင်လယ်ဂီတသံခေါ် Wings of Time ကပြဖျော်ဖြေမှုကို ကြည့်ရှူခံစားပြီးနောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင် ပေးမည်ဖြစ်ပါသည်။

singapore 05singapore 06singapore 07

Day-3 : စင်ကာပူ (နံနက်စာ ၊ နေ့လည်စာ ၊ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောြင်ပီးနောက် စင်္ကာပူနိုင်ငံ၏ တိုးတတ်မှုကိုဖော်ညွှန်းထားသော Garden By The Bay သို့ပို့ဆောင် ပေးပြီး ဥယျာဉ်အတွင်းတွင် Flower Dome ဟုအမည်တွင်သော လှပသော ပန်းမျိုးစုံများရှိရာ ဥယျာဉ်သို့ သွားရောက် လေ့လာ အလှ ဓါတ်ပုံ ရိုက်ကူး မည် ဖြစ်ပါသည်။ထို့အပြင် ခေတ်မီဆန်းသစ်သော နည်းပြများနှင့် ပြုလုပ်ထားသော Cloud Forest ထပ်မံသွားရောက် လေ့လာမည် ဖြစ်ပါ သည်။ရေရှားပါးသော နိုင်ငံဖြစ်သည့်အလျှောက် WaterCycleနည်းပညာသစ်များဖြင့် သစ်တော တစ်ခုလုံး အေးစိမ့်အောင် ပြုလုပ် ထားနိုင်ပြီး ဆွဲဆောင်ထားသော Cloud Forest အတွင်းလေ့လာလည်ပတ်ကြမည်ဖြစ်ပါသည်။ထိုနောက် စင်ကာပူနိုင်ငံ၏ ဈေးဝယ်လမ်းမကြီး တစ်ခု ဖြစ်သော Orchard လမ်းမကြီးသို့လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပါသည်။ညစာကို ဒေသ ဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ရမည် ဖြစ်ပါ သည်။ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်ပြီး တစ်နေ့တာပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူ မည်ဖြစ်ပါသည်။

singapore 08singapore 09singapore 10

Day-4: စင်ကာပူ - ရန်ကုန် (နံနက်စာ ၊ နေ့လည်စာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မိမိအစီအစဉ်ဖြင့် လွတ်လပ်စွာဈေးဝယ်နိုင်ရန်အချိန်ပေးပြီး သတ်မှတ်ချိန်တွင်စုရပ်သို့ ပြန်ဆုံပြီး နေ့လယ်စာကို Korea BBQ သုံးဆောင်ပါမည်။ နေ့လယ်စာ သုံးဆောင်ပြီးနောက် ဗုဒ္ဓစွယ်တော်ကျောင်းဖြစ်သော (Buddha Tooth Temple) သို့သွားရောက်ဖူးမြှော်မည်ဖြစ်ပြီး(ChinaTown)သို့သွားရောက်ကာအမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူရန် ပို့ဆောင် ပေးပါမည်။ ထို့နောက်သတ်မှတ်ချိန်တွင် စုရပ်မှ စင်္ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင် ပေးမည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ် သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။

singapore 11singapore 12singapore 13

 

ခရီးစရိတ်အနေနဲ့ တစ်ဦးလျှင် (USD )- ကျသင့်မှာဖြစ်ပါတယ်။

 

ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုများ

  • လေယာဉ်လက်မှတ် အသွား/အပြန်
  • ဟိုတယ်တွင် တည်းခိုခ (တစ်ခန်းလျှင် ၂ဦးနှုန်း)
  • ခရီးစဉ်တွင်ပါဝင်သော နံနက်စာ၊ နေ့လည်စာ၊ ညစာများ
  • ခရီးဆောင်အိတ် ကီလို (၂၀) သယ်ဆောင်ခွင့်
  • ပို့ဆောင်ရေးအစီအစဉ်များ
  • ဒေသဆိုင်ရာ ဧည့်လမ်းညွှန်
  • မြန်မာနိုင်ငံမှ အုပ်စုခေါင်းဆောင်

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ

  • ကိုယ်ပိုင်အသုံးစရိတ်များ
  • ခရီးစဉ်တွင်မပါဝင်သောလည်ပတ်မှုများ
  • စားသောက်ဆိုင်တွင်မပါဝင်သောအစားအသောက်နှင့်အဖျော်ယမကာများ
  • လေယာဉ်တွင်ဝန်ပိုသယ်ဆောင်ခ
  • ဟိုတယ်တွင် Mini Bar အသုံးပြုမှု
  • ဟိုတယ်တွင်အသုံးပြုသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲခနှင့် Mini Bar
  • ဟိုတယ်တွင် Early Check-In & Late Check Out
 
We are member of
We accept payment by
  • No.75, 1st Floor, Lan Thit Street, Lanmadaw Township, Yangon, Myanmar.
  • (+95-1) 227225, 225778, 2301600
  • This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.
  • www.smmyanmar.com

Photo Gallery

Trip Advisor

Top